Apple iMac 27-inch သည် All in one PC တစ်လုံးဖြစ်ပြီး Apple ရဲ့ စတုတ္ထမျိုးဆက်ဖြစ်ပြီး Intel
Core i5 3.4GHz ပါရှိမည်ဖြစ်သည်။ Graphic Nvidia Geforce GT 755M 1GB
နှင့် Nvidia Geforce GTX 775M 2 GB ဖြင့်နှစ်မျိုးရှိမည်ဖြစ်သည်။ Graphic
ဒီဇိုင်နာများအတွက် အထူး သင့်တော်မည်ဖြစ်သည်။ Memroy 8GB DDR3
ပါရှိမည်ဖြစ်ပြီး Storage Memory 1128GB အထိထည့်သွင်းထားမည်ဖြစ်သည်။
အသေးစိတ်အချက်အလက် HD Camera, Dual microphones, Stereo Speaker
တို့ပါရှိမည်ဖြစ်သည်။ Port အနေဖြင့် Headphone port, SDXC Card Slort,
USB3.0 (4 Port), 2 Thunderbolt port, RJ-45 Port တို့ပါရှိမည်ဖြစ်သည်။
Wireless 802.11 a/b/g/n အသုံးပြုနိုင်ပြီး Bluetooth 4.0
အသုံးပြုနိုင်မည်ဖြစ်သည်။
အားသာချက်-
အမြင့်မားဆုံး Processor နှင့် Graphic တို့၏ အရည်အသွေးတို့နှင့်အတူ USB 3.0 နှင့် Thunderbolt တို့ကိုလည်း အသုံးပြုနိုင် မည်ဖြစ်သည်။
အားနည်းချက်-
Touch Screen အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် SD Card Slot ကိုလည်း အနောက်ဘက်တွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ RAM Memory တို့ကို ထပ်တိုးနိုင်ခြင်းမရှိသည့်အပြင် HDMI Adapter ကိုလည်းလိုအပ်မည်ဖြစ်သည်။
ဒီဇိုင်း-
Aluminium နှင့် Glass တို့ကိုဖြင့် ဖွဲ့စည်းတည်ဆောက်ထားမည် ဖြစ်သည်။ ၂၇လက်မမျက်နှာပြင်နှင့် အတူ Resolution 2560x1440 အထိ အထောက်အ ပံ့ ပေးထားမည် ဖြစ်သည်။ အမြင့် ၂၀.၃လက်မ၊ အလျား ၂၅.၆လက်မနှင့် အလေးချိန် ၂၁ ပေါင်ရှိမည်ဖြစ်သည်။
တန်ဖိုး-
Graphic 1 GB ထည့်သွင်းထားသည့် အမျိုးအစားကို သိန်းနှစ်ဆယ်ဝန်းကျင်ရှိပြီး Graphic 2GB ထည့်သွင်းသည့် အမျိုးအစားကို နှစ်ဆယ့်နှစ်သိန်း ဝန်းကျင်ရှိမည်ဖြစ်သည်။ ဝယ်ယူလိုပါက Neo Tech ဖုန်း - ၃၉၈၁၉၉၊ ၇၁၀၇၅၂သို့ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။
Credit by Internet Journal

0 comments:
Post a Comment