Intel ကုမ္ပဏီသည် Broadwell ဟု လူသိများသော Core M ပရိုဆက်ဆာသစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် ကွန်ပျူတာ ထုတ်လုပ်သူများအား ပိုမိုပါးလွှာပြီး ပေါ့ပါးစေသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်စေမည် ဖြစ်ကြောင်း သိရသည်။
Intel နှင့် အခြားသော ချစ်ပ်ကုမ္ပဏီများသည် ပိုမိုအဆင့်မြင့်သော ပရိုဆက်ဆာ နည်းပညာများအား အပြိုင်အဆိုင် မိတ်ဆက်ပေးခဲ့သည်။ Intel ၏ Core M ပရိုဆက်ဆာသည် 14 nanometer ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ Hasewell ဟုခေါ်သော 22-nanometer ချစ်ပ်မှ 14-nanometer သို့ ပြောင်းလဲခြင်းကြောင့် ကွန်ပျူတာ ထုတ်လုပ်သူများက ပါးလွှာ၊ ပေါ့ပါးပြီး၊ စွမ်းအင်သုံးစွဲမှုနည်းပါးကာ ပန်ကာ မလိုသည့် ထုတ်ကုန်များကို တည်ဆောက်နိုင်စေမည် ဖြစ်သည်။
Intel အနေဖြင့် ပန်ကာကို ဖယ်ရှားနိုင်ရန် အဓိက လုပ်ဆောင်ခဲ့ခြင်းသည် Core M ချစ်ပ် အသုံးပြုထားသော
laptop
များကို
tablet
များအဖြစ် ပြောင်းလဲ အသုံးပြုစေရန် ဖြစ်ကြောင်း သိရသည်။ ပြိုင်ဘက် ARM Holdings ၏နည်းပညာကို အခြေခံထားသော ချစ်ပ်များသည် ပန်ကာမလိုသည့် ဒီဇိုင်းများအဖြစ် တည်ဆောက်စေနိုင်သည်။
Intel သည် အဆိုပါ အဆင့်မြင့် နည်းပညာနှင့် ပတ်သက်၍ ထုတ်လုပ်မှုအပိုင်းတွင် ပြဿနာများ ရှိသောကြောင့် လအနည်းငယ်အတွင်း ဈေးကွက်တင်ရန် စီစဉ်လျက်ရှိသည်။
Core M အသုံးပြုထားသော ပထမဦးဆုံး ထုတ်ကုန်များကို အားလပ်ရက်ရာသီတွင် စတိုးဆိုင်များ၌ တွေ့မြင်ရဖွယ်ရှိသော်လည်း ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်တွင် အဆိုပါ ချစ်ပ်သစ် အသုံးပြုထားသည့် ထုတ်ကုန် အများအပြားကို တွေ့မြင်ရမည် ဖြစ်ကြောင်း Intel က ပြောကြားခဲ့သည်။
Ref: CNET
credit Internet Journal

0 comments:
Post a Comment