0

BackTrack ဆိုတာ ဘာလဲ ???

Friday, May 16, 2014
Share this Article on :





အိုင်တီ လောကသားတို့ တော်တော်များများ သိကြပါတယ်။ သို့သော် သာမန် အင်တာနက် အသုံးပြုနေတဲ့ သူများ ဗဟုသုတ အနေနဲ့ သိထားရအောင်ပါ။

BackTrack Os ဆိုတာလည်း Linux distro ထဲကမျိုးကွဲတစ်ခုပြီး ကွန်ပျူတာစနစ် (Operating System) တခုဖြစ်ပါတယ်။ အခမဲ့ လွတ်လက်စွာ သုံးစွဲပြုပြင်နိုင်တဲ့ ကွန်ပျူတာစနစ် တခုလည်းဖြစ်ပါတယ်။

သူ့ကို Security Penetration Testing OS လို့လည်း ခေါ်ပါတယ်။ လုံခြုံရေး လေ့ လာ စောင့်ကြည့်ပေးတဲ့ ကွန်ပြူတာ Operating System လို့ ဆိုလိုပါတယ်။ အဓိကကတော့ အင်တာနက် ကွန်ရက်က အားနည်းချက် များကို ရှာဖွေဖို့ အဓိက သုံးတဲ့ OS ပါ။ Networking သမားတို့ ပိုသုံးကြပါတယ်။ ဆိုင်ဘာ လုံခြုံရေးလိုင်း လေ့လာလိုက်စားနေသူများ အတွက် မရှိမဖြစ် OS လည်း ဖြစ်ပါတယ်။ သူက Unix-like OS ကို အခြေခံပြီး ရေးထားတဲ့ Open Source OS ပါ။ ၂၀၁၂ခုနှစ် သြဂုတ် ၁၃ က နောက်ဆုံးဗားရှင်း ထွက်ရှိထားပါတယ်။ သူ့ကို BackTrack 5 R3 လို့ အမည်ပေးပါတယ်။

OS တစ်ခုလုံးမှာ Network အားနည်းချက်၊ ချို့ ယွင်းချက် ရှာဖွေပေးမယ် Tool တွေ၊ ကွန်ပြူတာ လုံခြုံရေးစနစ်တစ်ခုလုံးကို Penetration test လုပ်ပေးမယ့် ဆော့ဖ်ဝဲ (Tool) တွေ စုံစုံလင်လင်ပါရှိပါတယ်။

အသေးစိတ်ကို BackTrack ကို အောက်ပါ Official Website မှာ 32bit (သို့) 64bit ကိုအခမဲ့ Download ဆွဲယူနိင်ပြီး Tutorial နှင့် Training များကို အောက်ပါလင့်တွင်ဝင်ရောက် လေ့လာနိုင်ပါတယ်။

http://www.backtrack-linux.org/

credit by https://www.facebook.com/arakanitobservers


Artikel Terkait:

0 comments:

Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည်


My Blogger TricksAll Blogger TricksTechtunes