Showing posts with label နည်းပညာသတင်းများ. Show all posts
Showing posts with label နည်းပညာသတင်းများ. Show all posts
0

Sapphire screen နှင့် iPhone 6 model ?

Friday, August 15, 2014
Apple က iPhone 6 ကို ပွဲထုတ်လာမယ့် အချိန်ကို စောင့်ရဖိုဆိုရင် တစ်ကယ်ကျတော့ တစ်လလောက်တောင် မလိုတော့ပါဘူး။ ဒါပေမယ့် iPhone 6 ရဲ့ display screen မှာ Sapphire glass တပ်ဆင်ရေး အတွက်တော့ Apple မှာ အခုချိန်ထိ အချေအတင် ဆွေးနွေးနေရတုန်း အနေအထားပါလို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

Mesa မှာ ရှိတဲ့ Apple ရဲ့ Sapphire screen ထုတ်လုပ်တဲ့ စက်ရုံက တစ်ကမ္ဘာလုံး လိုအပ်ချက်ရဲ့ နှစ်ဆမျှ ထုတ်လုပ်နိုင်စွမ်း ရှိပေမယ့် လုံလောက်တဲ့ ကုန်ကြမ်းရဖို့ မနည်းလှုပ်ရှားနေရပါတယ်...

ဒါကြောင့်မို့ Sapphire screen ကို ဈေးကြီးပြီး မော်ဒယ်လ်မြင့်၊ screen size ပိုကြီးတဲ့ iPhone model နှစ်ခုမှာပဲ သီးသန့်အထူး တပ်ဆင်ရမလား ဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။

Sapphire screen တစ်ခုရဲ့ ထုတ်လုပ်မှုစရိတ်က $16 လောက်ရှိပြီး လက်ရှိ Gorilla Glass ရဲ့ ထုတ်လုပ်မှုစရိတ် $3 နဲ့ ယှဉ်ရင် အလွန်ဈေးမြင့်ပါတယ်။
Apple အနေနဲ့ ထုတ်လုပ်မှုစရိတ် မြင့်တာရယ်၊ ကုန်ကြမ်း ရှားပါးတာရယ်ကြောင့် Sapphire screen ပါရှိမယ့် iPhone model အတွက် သီးသန့်ဈေးနှုန်းတစ်ခု သတ်မှတ်ဖို့ ရှိနေပါတယ်။

ဒီထက်အရင်က ကောလဟာလ သတင်းတစ်ခုမှာတော့ Sapphire screen ကို 64GB iPhone model မှာပဲ တပ်ဆင်လိမ့်မယ်လို့ ထွက်ခဲ့ဖူးပါတယ်။ အခုနောက်ထပ် အတည်မပြုနိုင်တဲ့ သတင်းတစ်ခုက၊ Sapphire screen ကို လုံလောက်အောင် စီစဉ်ပြီးမှ iPhone 6s နဲ့မှ တစ်ပါတည်း ပွဲထုတ်လိမ့်မယ်လို့လည်း ပြောဆိုနေပါတယ်။

အကြမ်းခံတဲ့ Sapphire crystal ကို iPhone 5s (ယခုမော်ဒယ်လ်)ရဲ့ Home button နဲ့ Rare Camera lens အတွက် အသုံးပြုထားပါတယ်၊ သို့သော် iPhone မျက်နှာပြင် screen တစ်ခုလုံးအတွက် ဆိုရင်တော့ ကုန်ကျစရိတ် မြင့်လွန်းပါတယ်။

Sapphire screen တွေကို ပိုပြီး အကြမ်းခံစေဖို့ မှန်အပေါ်ကို ထပ်ပြီး laminate လောင်းနိုင်မယ့် စက်အသစ် တစ်မျိုးကို GT Advanced Technologies ကုမ္ပဏီက တီထွင်နိုင်ခဲ့ပေမယ့် ဒီစက်တွေကို စတင် လည်ပါတ်နိုင်စေဖို့ ဆိုရင် နောက်ထပ် လအနည်းငယ် အချိန်ယူရပါလိမ့်ဦးမည်...

Via မိုးသိကြား
0

Dell Inspiron 3442

Thursday, August 14, 2014

စွမ်းဆောင်ရည် -

Notebook တစ်လုံးအတွက် လိုအပ်မည့် processor Intel Corei5-4210U-2.7GHz စွမ်းဆောင်ရည်နှင့် Memory 4GD3L/1600 ပါရှိမည်ဖြစ်သည်။ Storage ပိုင်းအနေဖြင့် 500G (5400rpm) သည်လည်း Notebook တစ်လုံးအတွက် လုံလောက်သောပမာဏ တစ်ခုဖြစ်သည်။ Graphic အနေဖြင့် Nvidia GT820M(2G)DDR3 ၏ စွမ်းဆောင်ရည်များသည် ဂိမ်းပေါင်းများစွာကို ကောင်းကောင်းကစားချင်သူများ၊ လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်ပိုင်း အမြင့်ဆုံး အသုံးပြုချင်သူများအတွက် အဆင်ပြေစေမည့် Notebook တစ်လုံးဖြစ်သည်။

အားသာချက် -

Cedar series ဖြစ်သည့်အတွက် ပုံမှန် Notebook များထက် ပိုမိုပါးလွှာသည့် ပုံစံရှိမည်ဖြစ်သည်။ မျက်နှာပြင် ၁၄ လက်မ ရှိသောကြောင့် သယ်ဆောင်ရလွယ်ကူပြီး စတိုင်ကျလှပစေမည့် Notebook ဖြစ်သည်။ USB 3.0 ၏ စွမ်းဆောင်ရည်ကြောင့် အချက်အလက်များ လွှဲပြောင်းသည့်အခါတွင် ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

အားနည်းချက် -

စာရင်းပိုင်း အသုံးပြုချင်သူများ အနေဖြင့် Number Lock Key သက်သက် မပါဝင်ခြင်းကြောင့် စာရင်းပိုင်း လုပ်ဆောင်သည့်အခါတွင် နည်းနည်းအချိန်ကြာစေမည်ဖြစ်သည်။

ဒီဇိုင်း -
Notebook တစ်လုံးတွင် လိုအပ်မည့် USB 3.0 ports အပြင် အခြားလိုအပ်မည့် port များကိုလည်း အစုံ ထည့်ပေးထားမည်ဖြစ်သည်။ မျက်နှာပြင် ၁၄ လက်မဖြစ်ပြီး resolution အနေဖြင့် (1366x768) ရှိမည်ဖြစ်သည်။ ပါးလွှာပြီး ပေါ့ပါးသည့် ဒီဇိုင်းရှိပြီး လှပသည့် ဒီဇိုင်းကြောင့် အသုံးပြုသူများ စိတ်ကြိုက်ဖြစ်စေမည်ဖြစ်သည်။ အရောင်အနေဖြင့် နှစ်မျိုးရှိသည်။

ဘက်ထရီ -
ဘက်ထရီပမာဏ 4 cell ရှိပြီး သုံးနာရီခွဲနှင့်အထက် အသုံးပြုနိုင်မည်ဖြစ်သည်။

တန်ဖိုး -
ကန်ဒေါ်လာ ၅၉၉

ဝယ်ယူရရှိနိုင်မည့်နေရာ
Golden Power Technology
ဖုန်း- ၂၃၀ ၄၈၄၈၊ ၂၃၀၄၈၄၉
အာမခံ
တစ်နှစ်

credit Internet Journal
0

ပိုမိုပါးလွှာပြီး ပေါ့ပါးသည့် ကွန်ပျူတာများ အတွက် Core M ချစ်ပ်ကို Intel မိတ်ဆက်ပြသ

Tuesday, August 12, 2014
Intel ကုမ္ပဏီသည် Broadwell ဟု လူသိများသော Core M ပရိုဆက်ဆာသစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် ကွန်ပျူတာ ထုတ်လုပ်သူများအား ပိုမိုပါးလွှာပြီး ပေါ့ပါးစေသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်စေမည် ဖြစ်ကြောင်း သိရသည်။

Intel နှင့် အခြားသော ချစ်ပ်ကုမ္ပဏီများသည် ပိုမိုအဆင့်မြင့်သော ပရိုဆက်ဆာ နည်းပညာများအား အပြိုင်အဆိုင် မိတ်ဆက်ပေးခဲ့သည်။ Intel ၏ Core M ပရိုဆက်ဆာသည် 14 nanometer ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ Hasewell ဟုခေါ်သော 22-nanometer ချစ်ပ်မှ 14-nanometer သို့ ပြောင်းလဲခြင်းကြောင့် ကွန်ပျူတာ ထုတ်လုပ်သူများက ပါးလွှာ၊ ပေါ့ပါးပြီး၊ စွမ်းအင်သုံးစွဲမှုနည်းပါးကာ ပန်ကာ မလိုသည့် ထုတ်ကုန်များကို တည်ဆောက်နိုင်စေမည် ဖြစ်သည်။

Intel အနေဖြင့် ပန်ကာကို ဖယ်ရှားနိုင်ရန် အဓိက လုပ်ဆောင်ခဲ့ခြင်းသည် Core M ချစ်ပ် အသုံးပြုထားသော
laptop
များကို
tablet
များအဖြစ် ပြောင်းလဲ အသုံးပြုစေရန် ဖြစ်ကြောင်း သိရသည်။ ပြိုင်ဘက် ARM Holdings ၏နည်းပညာကို အခြေခံထားသော ချစ်ပ်များသည် ပန်ကာမလိုသည့် ဒီဇိုင်းများအဖြစ် တည်ဆောက်စေနိုင်သည်။

Intel သည် အဆိုပါ အဆင့်မြင့် နည်းပညာနှင့် ပတ်သက်၍ ထုတ်လုပ်မှုအပိုင်းတွင် ပြဿနာများ ရှိသောကြောင့် လအနည်းငယ်အတွင်း ဈေးကွက်တင်ရန် စီစဉ်လျက်ရှိသည်။

Core M အသုံးပြုထားသော ပထမဦးဆုံး ထုတ်ကုန်များကို အားလပ်ရက်ရာသီတွင် စတိုးဆိုင်များ၌ တွေ့မြင်ရဖွယ်ရှိသော်လည်း ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်တွင် အဆိုပါ ချစ်ပ်သစ် အသုံးပြုထားသည့် ထုတ်ကုန် အများအပြားကို တွေ့မြင်ရမည် ဖြစ်ကြောင်း Intel က ပြောကြားခဲ့သည်။

Ref: CNET
credit Internet Journal
0

Acer Aspire Switch 10



Acer Aspire Switch 10 မှာ Notebook အနေဖြင့်သာမက
Tablet
လိုပါအသုံးပြုနိုင်မည် ဖြစ်သည်။ မျက်နှာပြင်အနေဖြင့် ၁၀.၁ လက်မ ကျယ်ဝန်းပြီး IPS နည်းပညာကို အသုံးပြုထားသည်။ Intel Processor Z3745 Quad Core 1.33GHz CUP နှင့် Memory 2 GB LPDDR2 ကို ထည့်သွင်းအသုံးပြုထားသည်။ Tablet အနေဖြင့် အသုံးပြုရာတွင် Storage eMMC 32GB ပါဝင်ပြီး Docking ဖြင့် ချိတ်ဆက်အသုံးပြုမည်ဆိုပါက built in HDD 500 GB အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို၂.၅ စက္ကန့်အတွင်း ချိတ်ဆက်အသုံးပြုနိုင်သော Acer Instant Connect Technology လည်း ပါရှိသည်။ ကွန်ရက်ချိတ်ဆက်မှုအတွက် Acer Nplify IEEE 802.11 a/b/g/n နှင့် Bluetooth 4.0 စနစ်များပါဝင်သည်။ micro HDMI Port , micro USB , card reader (micro SD) စသည့် Port များကိုလည်း စုံလင်စွာထည့်သွင်းပေးထားသည်။ Official World Wide အသုံးပြုနိုင်သော Genius Windows 8 32 bit ပါရှိပြီး 2 Cell Li-Polymer ဘက်ထရီကိုအသုံးပြုထားသည်။ အာမခံသက်တမ်း ၁ နှစ်ဖြစ်ပြီး တန်ဖိုးမှာ ၄၉၅၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။ ရွှေလမင်းနဂါးကုမ္ပဏီလီမိတက် ဖုန်း- ၂၃၀၁၇၉၇၊ ၂၃၀၁၇၉၈ သို့ ဆက်သွယ်စုံစမ်းဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။


credit Internet Journal
0

Telenor က နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှု ပေးမည်

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Telenor သည် မိုဘိုင်းဖုန်းလိုင်း ဝန်ဆောင်မှုအပြင် နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှုကိုလည်း ထပ်မံပေးအပ်သွားရန် ရှိသည်ဟု ကုမ္ပဏီမှ စီအီးအိုဖြစ်သူ Mr. Petter Furberg က ပြောသည်။
Telenor အနေဖြင့် CSR (လူမှုစီးပွားအကျိုးပြုလုပ်ငန်း) အမည်ခံ၍ နာမည်ကြီးစေမည့် လုပ်ငန်းများကို လုပ်ကိုင်မည် မဟုတ်ဘဲ မိုဘိုင်းဖုန်းကွန်ရက်နှင့်အတူ ထပ်ဆောင်း ဝန်ဆောင်မှုများကိုသာ လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ Wikipedia Myanmar ကဲ့သို့သော အစီအစဉ်များ၊ mHealth ကဲ့သို့သောအစီအစဉ်များကို လုပ်ကိုင်နေသည်ဟု ၎င်းကပြောသည်။ နိုင်ငံခြားငွေလွှဲနှင့် ပတ်သက်၍ Telenor အနေဖြင့် ဝန်ဆောင်မှုပေးမည်ဟု ဆိုသော်လည်း ပူးပေါင်း ဆောင်ရွက်မည့် ဘဏ်လုပ်ငန်းများ၊ ငွေကြေး လွှဲပြောင်းနိုင်မည့် နိုင်ငံများနှင့် စတင်အသုံးပြုနိုင်မည့် အချိန်ကာလများကို မသိရှိရပေ။ မိုဘိုင်း ဖုန်းလိုင်းကို အသုံးပြု၍ ပြည်ပနိုင်ငံမှ ပြည်တွင်းသို့ ငွေကြေး လွှဲပြောင်းနိုင်ခြင်းနှင့် ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ အပြန်အလှန် ငွေလွှဲပြောင်းနိုင်မည် ဖြစ်သော်လည်း ဝန်ဆောင်ခများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်သူများကိုလည်း Telenor က ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။
အင်တာနက်ပေါ်၌ မြန်မာစာပေ တိုးတက်များပြားလာရန် အတွက် Telenor သည် Wikipedia Myanmar ကို လုပ်ကိုင်ဆောင်ရွက်ထားပြီး ကျန်းမာရေးနှင့် ပတ်သက်၍ mHlealth အစီအစဉ်ကိုလည်း လုပ်ကိုင်ထားကြောင်း သိရသည်။ စက်တင်ဘာလအတွင်း Telenor မှရောင်းချပေးမည့် မိုဘိုင်းဖုန်းလိုင်းများ၌ ကျန်းမာရေး ဝန်ဆောင်မှုနှင့် Wiki အသုံးပြုနိုင်ခြင်းတို့ ပါဝင်လာမည်ဖြစ်သော်လည်း နိုင်ငံခြား ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ပါလာမည်မှာ မသေချာသေးကြောင်း သိရသည်။ Telenor ၏ အဓိကပြိုင်ဘက် Ooredoo သည် CSR လုပ်ငန်း၌ ငွေကြေးအမြောက်အမြားကို လက်ရှိအချိန်၌ အသုံးပြုထားကြောင်း သိရသည်။
 
Ref-Internet Journal

0

Nvidia Tegra K1 ပရိုဆက်ဆာပါဝင်သည့် Chromebook 13 ကို Acer မိတ်ဆက်

ယခင်ထက် ပိုမိုကောင်းမွန်သည့် ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်သော Nvidia ၏ Tegra-K1 ပရိုဆက်ဆာ အသုံးပြုထားသည့် Chrombook 13 ကို Acer က မိတ်ဆက်ပေးခဲ့သည်။
Chromebook 13 တွင် အင်တာနက် အသုံးပြုခြင်း၊ ရုံးလုပ်ငန်းများ လုပ်ဆောင်ခြင်း စသည့် ပုံမှန်လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ပြီး ၎င်းထုတ်ကုန်သစ်သည် သုံးစွဲသူများအား screen အရွယ်အစား ကြီးမားသည့် desktop များနှင့် laptop များဖြင့် အသုံးပြုသည့် အတွေ့အကြုံကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်သည်။
Acer Chromebook 13 တွင် ၁၃ လက်မ screen နှင့်အတူ အရွယ်အစားသေးငယ်သည့် Nvidia Tegra-K1 ချစ်ပ်ကို အသုံးပြုထားသည်။ ထုတ်လုပ်သူများ၏ အဆိုအရ Tegra-K1 သည် အရည်အသွေးမြင့် ဓာတ်ပုံများနှင့် ဂရပ်ဖစ်များကို ယခင်က မတွေ့ကြုံဖူးသည့် အတွေ့အကြုံများဖြင့် သုံးစွဲသူများအား ပေးစွမ်းနိုင်ကြောင်း သိရသည်။
အဆိုပါ Chromebook ကို တစ်ကြိမ်အားသွင်းလျှင် ၁၃ နာရီအကြာ အသုံးပြုနိုင်ခြင်းကလည်း သုံးစွဲသူများကို ဆွဲဆောင်နိုင်စေမည့် အချက်ဖြစ်သည်။
Chromebook 13 ကို ချောမွတ်တောက်ပြောင်သည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး အထူမှာ ၁၈ မီလီမီတာသာ ရှိသည်။ ပြိုင်ဘက် MacBook Air ထက် အထူ ၁ မီလီမီတာသာ ပိုပြီး အလေးချိန်ကလည်း ၃.၃ ပေါင်သာရှိသည်။ ၎င်းကို စက်တင်ဘာလတွင် ရောင်းချမည်ဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၀၊ အမေရိကန်ဒေါ်လာ ၃၀၀ နှင့် အမေရိကန်ဒေါ်လာ ၃၈၀ ဟူ၍ သုံးမျိုးသုံးစားရှိကြောင်း သိရသည်။

Ref: TheNextDigit
credit Internet Journal
0

Apple iMac 27-inch (Intel Core i5-4670)

Monday, August 11, 2014
Apple iMac 27-inch သည် All in one PC တစ်လုံးဖြစ်ပြီး Apple ရဲ့ စတုတ္ထမျိုးဆက်ဖြစ်ပြီး Intel Core i5 3.4GHz ပါရှိမည်ဖြစ်သည်။ Graphic Nvidia Geforce GT 755M 1GB နှင့် Nvidia Geforce GTX 775M 2 GB ဖြင့်နှစ်မျိုးရှိမည်ဖြစ်သည်။ Graphic ဒီဇိုင်နာများအတွက် အထူး သင့်တော်မည်ဖြစ်သည်။ Memroy 8GB DDR3 ပါရှိမည်ဖြစ်ပြီး Storage Memory 1128GB အထိထည့်သွင်းထားမည်ဖြစ်သည်။ အသေးစိတ်အချက်အလက် HD Camera, Dual microphones, Stereo Speaker တို့ပါရှိမည်ဖြစ်သည်။ Port အနေဖြင့် Headphone port, SDXC Card Slort, USB3.0 (4 Port), 2 Thunderbolt port, RJ-45 Port တို့ပါရှိမည်ဖြစ်သည်။ Wireless 802.11 a/b/g/n အသုံးပြုနိုင်ပြီး Bluetooth 4.0 အသုံးပြုနိုင်မည်ဖြစ်သည်။
အားသာချက်-
အမြင့်မားဆုံး Processor နှင့် Graphic တို့၏ အရည်အသွေးတို့နှင့်အတူ USB 3.0 နှင့် Thunderbolt တို့ကိုလည်း အသုံးပြုနိုင် မည်ဖြစ်သည်။

အားနည်းချက်-
Touch Screen အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် SD Card Slot ကိုလည်း အနောက်ဘက်တွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ RAM Memory တို့ကို ထပ်တိုးနိုင်ခြင်းမရှိသည့်အပြင် HDMI Adapter ကိုလည်းလိုအပ်မည်ဖြစ်သည်။

ဒီဇိုင်း-
Aluminium နှင့် Glass တို့ကိုဖြင့် ဖွဲ့စည်းတည်ဆောက်ထားမည် ဖြစ်သည်။ ၂၇လက်မမျက်နှာပြင်နှင့် အတူ Resolution 2560x1440 အထိ အထောက်အ ပံ့ ပေးထားမည် ဖြစ်သည်။ အမြင့် ၂၀.၃လက်မ၊ အလျား ၂၅.၆လက်မနှင့် အလေးချိန် ၂၁ ပေါင်ရှိမည်ဖြစ်သည်။

တန်ဖိုး-
Graphic 1 GB ထည့်သွင်းထားသည့် အမျိုးအစားကို သိန်းနှစ်ဆယ်ဝန်းကျင်ရှိပြီး Graphic 2GB ထည့်သွင်းသည့် အမျိုးအစားကို နှစ်ဆယ့်နှစ်သိန်း ဝန်းကျင်ရှိမည်ဖြစ်သည်။ ဝယ်ယူလိုပါက Neo Tech ဖုန်း - ၃၉၈၁၉၉၊ ၇၁၀၇၅၂သို့ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။


Credit by Internet Journal
0

Telenor ၏ တေးသွား ငွေကြယ်ပွင့် အစီအစဉ် ဆန်ကာတင် သုံးယောက်ထွက်ရှိ

Telenor ၏ မိုဘိုင်းဖုန်း တေးသွားအဖြစ် အသုံးပြုမည့် တေးသွား ငွေကြယ်ပွင့် အစီအစဉ် အတွက် ဆန်ခါတင် ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်သည်။
ပြိုင်ပွဲဝင်သူ ၈၅၀၀ မှ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ယင်းထဲမှ တဖန် ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ Telenor ၏ သံစဉ်တေးသွားအဖြစ် စက်တင်ဘာတွင် အသုံးပြုသွား မည်ဖြစ်ကြောင်းသိရသည်။ အနှစ်သက် ဆုံး တေးသွားကို သြဂုတ်၁၂ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း မဲပေးနိုင်ကြောင်း၊ မဲပေးသူများ သည်  ကျပ် ၁ သိန်းတန် မိုဘိုင်းဖုန်း ၁၀၀ ကိုလည်း ကံစမ်းခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဆန်ခါတင် သုံးဦး ၏ တေးသွားကို Telenor Myanmar ၏ တရားဝင် Facebook Page ဖြစ်သော www.facebook.com/TelenorMyanmar တွင် လည်းကောင်း၊ တေးသွားငွေကြယ်ပွင့် hotline ဖြစ်သော ဖုန်း ၀၁-၂၃၉၉၆၇၈ (သို့မဟုတ်) ၁၈၈၇၇ သို့ S1, S2, S3 ဟု SMS ပေးပို့၍ လည်းကောင်း မိမိနှစ်သက်ရာ တေးသွားကို မဲပေးရွေးချယ်နိုင်ကြောင်း သိရသည်။
သုံးယောက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပထမဆု ကျပ်သိန်း၁၀၀၊ ဒုတိယနှင့်တတိယဆု ကျပ်သိန်း ၂၀ စီဖြစ်ကြောင်းသိရသည်။ အနုပညာရှင် ဒိုင်လူကြီးများ အဖြစ် ခင်မြတ်မွန်၊ဓိရာမိုရ်၊ လင်းလင်းတို့ က ဆောင် ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ပြိုင်ပွဲဝင်သူများ အနေဖြင့် အဆိုပါအနုပညာရှင်ဒိုင် လူကြီးများနှင့်အတူ လက်တွဲဆောင် ရွက်ခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။ တယ်လီနော၏ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွင် သီချင်းဖျော်ဖြေရေးနှင့် သက်ဆိုင်သောဝန်ဆောင်မှုများကို ခံစားနိုင်ရန်လည်း အပါအ၀င်ဖြစ်ကာ အဆိုပါ ဆောင်ရွက်ချက်အဖြစ် စီစဉ်ခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။ အနိုင်ရရှိသော တေးသွားကို တယ်လီ နောမှ ဝန်ဆောင်မှုပေးသော နေရာများဖြစ်သည့် တယ်လီနော call center များ၊ အလိုအလျှောက် ဖြေကြားမှုစနစ်များနှင့် တယ်လီ နော၏ ring tune တွင် အသုံးပြု မည်ဖြစ်သည်။
ဆန်ခါတင်သုံးယောက်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်မှဖြစ်ကြောင်း သိရသည်။  Telenor Myanmar ၏ မိုဘိုင်းတေးသွားပြိုင်ပွဲတွင် အနိုင်ရရှိသောတေးသွားအား Telenor တွင် အသံပိုင်းဆိုင်ရာ အသုံးပြုမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊မြန်မာနိုင်ငံရှိ ဂီတခုံမင်သူ အားလုံး အဆိုပါ အစီအစဉ်တွင် ပါဝင်နိုင်ကြောင်းဖြင့် ဇွန်လအတွင်းက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ဖန်တီးထားသော ကိုယ် ပိုင်သံစဉ်ကို Telenor Myanmar ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် Upload လုပ်ခြင်း၊ အသံသွင်းထားသော ဖိုင်ကို စီဒီသို့မဟုတ် USB ဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနှင့် မော်လမြိုင်တို့ရှိ သတ်မှတ် ထားသော နေရာများတွင် ပေးပို့ခြင်း၊ ယင်းမြို့ငါးမြို့ရှိ အသံသွင်းရန် သတ်မှတ်ထားသော စတူဒီယိုများ တွင် အသံသွင်းခြင်းစသည့် နည်းလမ်းများဖြင့် ပါဝင်နိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။


credit by Internet Journal - ထွန်းထွန်း
0

Airphone III Bluetooth Headset

စင်ကာပူနိုင်ငံထုတ် Sonicgear အမှတ်တံဆိပ် AirphoneIII မော်ဒယ် Bluetooth Headset တစ်မျိုးဖြစ်သည်။ Bluetooth version 2.1 အမျိုးအစားဖြစ်ပြီး ၁၀ မီတာအကွာအဝေးအထိ ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ အသံကိုလည်း ကြည်လင်ပြတ်သားစွာဖြင့် ခံစားနားဆင်နိုင်မည်ဖြစ်ပြီး ဖုန်းပြောဆိုခြင်းနှင့်သီချင်းနားထောင်ခြင်းများကိုလည်း ပြုလုပ်နိုင်သည်။ သီချင်းနားထောင်ခြင်းနှင့် ဖုန်းပြောဆိုခြင်းများကို ပြုလုပ်သည့်အခါတွင် ၈ နာရီကြာ အသုံးပြုနိုင်ပြီး Standby အနေဖြင့်ဆိုပါက နာရီပေါင်း ၂၄၀ ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ Built-in Rechargeable ဘက်ထရီပါဝင်သည်။ Technovision ဖုန်း ၀၉-၇၃၀၇၇၁၁၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

credit to Internet Journal

0

Windows Phone Store တွင် app အရေအတွက် ၃၀၀,၀၀၀ ကျော်ရှိလာ


Windows Phone Store သည် app အရေအတွက် ၃၀၀,၀၀၀ ကျော်နှင့်အတူ သမိုင်းမှတ်တိုင်သစ် တစ်ရပ် စိုက်ထူနိုင်ခဲ့သည်။

Software ကုမ္ပဏီကြီးဖြစ်သော Microsoft သည် ၎င်း၏ Windows Phone Store ၌ နေ့စဉ် app အသစ် အရေအတွက် ရာပေါင်းများစွာ ထည့်သွင်းလျက်ရှိကြောင်း Microsoft by the Numbers စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့သည်။

App များသည် မိုဘိုင်း platform တစ်ခု အောင်မြင်ခြင်း၏ အဓိကအချက်တစ်ချက် ဖြစ်သည်။ Windows Phone Lumia ဟန်းဆက်များသည် ၎င်းတို့၏ တီထွင်ဆန်းသစ်မှုများနှင့် အလွယ်တကူ အသုံးပြုနိုင်သည့် feature များကြောင့် ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့သော်လည်း လိုအပ်သည့် app များ မထောက်ပံ့ပေးနိုင်သောကြောင့် သုံးစွဲသူများက အခြားသော platform ကို ပြောင်းလဲ အသုံးပြုနေကြသည်။ ထို့ကြောင့် Windows Phone Store တွင် app အရေအတွက် တိုးမြင့်လာခြင်းသည် Windows Phone သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေလာစေမည် ဖြစ်သည်။ Windows Phone သည် မိုဘိုင်းဈေးကွက်တွင် Android နှင့် iOS တို့၏နောက် တတိယနေရာ၌ ရပ်တည်လျက်ရှိပြီး ဈေးကွက်ရှယ်ယာမှာ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နာမည်ကျော် Apple ၏ ဇွန်လက ကြေညာချက်အရ ၎င်း၏ App Store တွင် app အရေအတွက် ၁.၂ သန်းရှိကြောင်း သိရသည်။

Windows Phone app အရေအတွက် မြင့်တက်လာခြင်းသည် အထင်ကြီးလောက်ဖွယ်ရာဖြစ်သည်။ ၎င်း store သည် ၂၀၁၂ ခုနှစ် ဇွန်လက app အရေအတွက် ၁၀၀,၀၀၀ သာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ၁၅၀,၀၀၀ မြင့်တက်လာခဲ့သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် app အရေအတွက် ၂၀၀,၀၀၀ အထိ ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင် app အရေအတွက် ၃၀၀,၀၀၀ ပြည့်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မှာ ကျွန်တော်တို့ Windows Phone app ၃၀၀,၀၀၀ ကျော်ကို ပိုင်ဆိုင်ထားပါပြီ။ Windows Phone Store က ဆက်လက် တိုးတက်နေပါတယ်” ဟု Microsoft ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုခဲ့သည်။ ဆက်လက်ပြီး “ပြီးခဲ့တဲ့နှစ်မှာပဲ Windows နဲ့ Windows Phone app စာရင်းက ၉၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ နောက်ပြီး developer အရေအတွက်ကလည်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: CNET
credit by Internet Journal
Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည်


My Blogger TricksAll Blogger TricksTechtunes