Showing posts with label Internet Knowledge. Show all posts
Showing posts with label Internet Knowledge. Show all posts
0

Funny Photo Comment ပုံ ၂၀၀ကျော်စုစည်းမှု

Sunday, August 17, 2014
Funny comment photo ၂၀၀ ကျော်စုထားတာလေးကို ခုပြန်တင်ပေးလိုက်ပါတယ်
ဒီရက်ပိုင်းကိုယ့်ကိစ္စနဲ့ကိုယ်လုံးပတ်နေလို့ ခုမှတင်ဖြစ်တာပါ
ဖိုင်ဆိုဒ်က 5MB ကျော်ကျော်လေးပါ zip လုပ်ပြီးတင်ထားတာဆိုတော့ မိမိဖုန်းထဲမှာ zip ဖြည်တဲ့ app လေးကြိုသွင်းထားတော့လိုတာပေါ့
ဒီမှာဒေါင်းပါ
https://www.dropbox.com/s/juuf0e2q8h53bv5/funny%20photos%20by%20arakanitobservers.zip

0

လိပ်လိုနှေးတဲ့ကွန်နက်ရှင်ကို Speed တင်နည်းများ

Tuesday, August 12, 2014
ဘော်ဘော်တွေကို ခုတင်ပေးချင်တဲ့ပို့ စ်တစ်ခုက လိပ်လိုပြေးအားနည်းနေတဲ့ကွန်နက်ရှင်ကို Speed တပ်ပြီးအင်တာနက်မြန်နှုန်းကိုမြှင့်တင်နိုင်မယ့်နည်းလမ်းကောင်းလေး 3 ခုပါ ဒီအတွက်ကိုဆော့ဖ်ဝဲသုံးစရာမလိုပဲ ကွန်ပြူတာရဲ့ Data တွေနဲ့ ပဲသုံးရမှာဆိုတော့ အချိန်ကုန်လည်းသက်သာမှာပါ

လိပ်လိုနှေးပေမယ့် နည်းနည်းလေးမြန်အောင် ခုပဲလုပ်ကြည့်ကြမယ်ဗျာ
ဒီနည်းလမ်းတွေကတော့ ဟက်ယူခြင်းတစ်ခုလည်းမဟုတ်ပါဘူး ရိုးရိုးရှင်းရှင်း အင်တာနက်အမြန်နှုန်းကို မြှင့်တင်ပေမယ့်နည်းလမ်းတွေပါ..ဒီနည်းတွေကို windows ပေါ်မှာ အသုံးချဖို့ ဖြစ်ပါတယ်... 
(နည်းလမ်း ၁) Notepad ကိုဖွင့်လိုက်ပါ ပြီးရင် ဒီအောက်က code လေးတွေကို ကူးပါ ကူးပြီးရင် speedup.reg ဆိုတဲ့နာမည်နဲ့  သိမ်းပြီး Run လိုက်ပါ.. yes or no မေးမယ် Yes လုပ်ပါ OK လုပ်ပါ ပြီးရင် ကွန်ပျူတာကို restart လုပ်ပေးလိုက်ပါ
REGEDIT4 [HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Servic es\Tcpip\Parameters] "SackOpts"=dword:00000001 "TcpWindowSize"=dword:0005ae4c "Tcp1323Opts"=dword:00000003 "DefaultTTL"=dword:00000040 "EnablePMTUBHDetect"=dword:00000000 "EnablePMTUDiscovery"=dword:00000001 "GlobalMaxTcpWindowSize"=dword:0005ae4c  
-------------------------------------------------------------------------------------------------------

(နည်းလမ်း ၂) Start Menu> Run > ပြီးရင် gpedit.msc ရိုက်ပါ.. click ok -Local Computer Policy အောက်က Computer Configuration>Administrative Templates>Network>QOS Packet Scheduler> Limit Reservable Bandwidth ထိသွားလိုက်ပါခင်ဗျာ ပြီးရင် Limit Reservable Bandwidth ကိုနှစ်ချက်နှိပ်ပါ.. Enbale ကိုရွေးပါခင်ဗျာ ပီးရင် Bandwidth ကို 20% ကနေ 0% ကိုပြောင်းပါ ကဲ Apply and OK ပေါ့ဗျာ..အဆင်ပြေပါစေ တကယ်မြန်သွားလိမ့်မယ် မသေချာမှာစိုးရင် အထက်ပါအချက်တွေမလုပ်ခင် speed tester နဲ့ အရင်တိုင်းထားပီးမှ လုပ် ပီးရင်ပြန် တိုင်းဗျာ သိသိသာသာတိုးလာမယ် 
--------------------------------------------------------------------------------------------------------
(နည်းလမ်း ၃) မိမိတို့ အသုံးပြုနေတဲ့Moziler Firefox ရဲ့ လပ်ဆောင်နိုင်စွမ်းရည် ကို ၁၀ဆမြှင့်တင်မယ် ဒါဆို ဘာတွေကောင်းလာမလဲ???? Web page တွေကို လျင်လျင်မြန်မြန်ကြည့်နိုင်မယ်.... Tab တွ အသစ်ဖွင့်တဲ့အခါ အများကြီးဖွင့်တဲ့အခါ လေးလံခြင်းမရှိ အသုံးပြုနိုင်မယ် ယခင်ထက်ပို မြန်လာမှာဖြစ်ပါတယ် ဒီနည်းကတော့ Broadband မှာပဲသုံးလို့ ရမယ်နော် dial up connection တွေမှာမရပါဘူးခင်ဗျားကဲစလိုက်ကြစို့ ... ကဲ Firefox ကိုဖွင့်လိုက်ပါ website နာမည် (www.google.com ) တို့ ရိုက်တဲ့ address bar လေးမှာ about:config လို့ ရိုက်ပြီး Enter ခေါက်ပါ ခင်ဗျာ 

ကဲ ဒါလေးကို copy ကူးပါ network.http.pipelining ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီး Enter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ့ ရဲ့  Value ကို false အနေနဲ့ တွေ့ ရမယ် အဲဒါကို နှစ်ချက်နှိပ်ပီး True အဖြစ်ပြောင်းပါ ကဲပြီးရင် ဒါလေးကိုပါ network.http.proxy.pipelining ကူးပါ ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီးEnter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ့ ရဲ့  Value ကို false အနေနဲ့ တွေ့ ရမယ် အဲဒါကို နှစ်ချက်နှိပ်ပီး True အဖြစ်ပြောင်းပါ။

 ကဲ နောက်ထပ်တစ်ခါ ဒါလေးကိုကူးပါ network.http.pipelining.maxrequests ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီး Enter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ့ ရဲ့  Value ကို နှစ်ချက်နှိပ်ပီး 3၀ အဖြစ်ပြောင်းလိုက်ပါ ကဲနောက်ဆုံး အဆင့်ပေါ့.. 

အဲဒီနေရာမှာပဲ နေရာလွတ်တနေရာမှာ Right-Click နှိပ်ပါ >New>Interger ကိုရွေးပါ သူရဲ့  performance name ကို nglayout.initialpaint.delay လို့ ပေးပါ ok နှိပ်ပါ ပြီးရင် သူ့ ရဲ့  Value ကိုတော့ 0 (သုည) သတ်မှတ် ပေးလိုက်ပါ ဒီသုညကတော့ browser တွေ အလုပ်လုပ်တဲ့ အခါ စောင့်ရမယ့်အချိန်ကို သုညလို့ သတ်မှတ်လိုက်တော့ မြန်သွားတဲ့ သဘောပါပဲ..... 
ဒီလောက်ဆို အဆင်ပြေမယ် ထင်ပါတယ်...

  Ref - Myanmar IT Group
0

ကွန်ပြူတာမြန်နှုန်းမြှင့်နည်း

မိမိတို့ အသုံးပြုနေတဲ့ကွန်ပြူတာကို နဂိုထက် ပိုမြန်သွားအောင် Speed မြှင့်နည်းလေးပါ သိပြီးသားသူတွေကတော့ ဒီပို့စ်ကို ကျော်သွားလိုက်ပါ...

Start မှ Run (သို့) Winkey+R ကိုနှိပ်ပါ။  prefetch လို့ရိုက်ထည့်ပြီး ok (သို့) Enter ခေါက်လိုက်ပါ။
ပေါ်လာတဲ့ Folder ထဲက တွေသမျှ  File အားလုံးကို ဖျက်(delete) ပါ။
နောက်တစ်ခါ temp လို့ ရိုက်ပြီး Enter ခေါက်ပါပေါ်လာတဲ့  folder ထဲကဖိုင်တွေကိုရသလောက်ဖျက်ပစ်ပါ
ထပ်လို့  %temp% လို့ ထပ်ရိုက်ပြီးပေါ်လာမယ့် folder ထဲက ဖိုင်တွေကိုဖျက်ထုတ်ပါ

ပြီးရင် Run box မှာထပ်ပြီးတော့ Regedit
ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Registry Editor box ထဲကဘယ်ဖက်ခြမ်းမှာ HKEY_CURRENT
USER > Control Panel > Desktop ကိုကလစ် Click လိုက်ပါ။ ညာဖက်အခြမ်းမှာ MenuShowDelay ကို
Double Click (မပါတဲ့ မောက်ဆိုရင် Right click > Modify)လိုက်ပါ။ ပေးလာတဲ့ box ထဲကတန်ဖိုး400
ကို 0 ပြောင်းပေးပြီးပိတ်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ မြန်လာပါမယ်။

အားလုံးပဲအဆင်ပြေကြပါစေဗျာ
0

Google မှာ မိမိနာမည်ပြောင်းထည့်မယ်

Thursday, August 7, 2014

Google လင့်ထဲက Google နာမည်နေရာမှာ မိမိစိတ်ကြိုက်နာမည်ကို အစားထိုးချင်သူရှိရင်
ဒီ လင့်မှာဝင်ပြီးပြောင်းသုံးနိုင်ပါတယ်...



ဒီနည်းလေးကတော့ မိမိတို့ ရဲကွန်ပျုတာတွေထဲမှာ မကြည့်စေချင်တဲ့ ၀က်ဆိုဒ်တွေကို

သီးသန့် ပိတ်ထားချင်ရင်ရပါတယ် ။ပိတ်နည်းက အများကြီးရှိတယ် ဆော့ဝဲသုံးမယ်ဆို

ကြာတယ် ကွန်ပျုတာကနေ ပိတ်နည်းကို ပြောပြပါမယ် ။ တစ်ခါတလေမှာ မကြည့်စေ

ချင် မဖွင့်စေချင်တဲ့ ဆိုဒ်တွေရှိမှာပါ ။ ဥပမာ Sexy နဲ့ ပတ်သက်တဲ့ ဆိုဒ်တွေ  နဲ့ မိမိတို့ 

စိတ်ကူးထဲ ရှိသမျှ မကြည့်စေချင်တဲ့  ဆိုဒ်တွေကို ပိတ်လို့ ရပါတယ် ။ ရုံးတွေမှာဆိုရင်

သူဌေးက ဖေ့ဘွတ်မသုံးအောင် ပိတ်ထားမယ်ဆို  ဒီလိုနည်း သုံးနိုင်ပါတယ်။ အဲ့တော့

ကိုယ်ကနေ  ရုံးထဲမှာ သူများကွန်ပျုတာကို  Facebook သုံးမရ Gmail သုံးမရအောင်

စမ်းသပ်လို့ ရပါတယ် ။ မသိသာပါဘူး ။ Unable to connect လို့ ပဲ ပြနေပါလိမ့်မယ်..။
- See more at: http://palaithar.blogspot.com/search/label/hackker#sth
0

ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲကြည့်မယ်

Wednesday, August 6, 2014
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ
0

Mouse ကို နှစ်ချက်မျှနှိပ်ရုံဖြင့် XPကို သော့ခတ်မယ်


သင်၏ desktop ပေါ်မှာ mouse ၏ ညာဖက် click နှိပ်ကာ
shortcut တစ်ခုကိုဖန်တီးပြီး သင့်စိတ်ကြိုက်အမည်ပေးပါ။
ထို့နောက် location field ထဲမှာ rundll32.exe
user32.dll,LockWorkStation ဟူ၍ ရိုက်ထည့်လိုက်ပါ။
ထိုအရာပေါ်မှာ ဘယ်ဖက် click ၂ ချက်နှိပ်ကာ သော့ခတ်လို့ရသွားပါပြီ။
ဒါမှမဟုတ် Windows key နှင့် L ကိုတွဲနှိပ်ခြင်းအားဖြင့်လည်း သော့ခတ်လို့ရပါတယ်။


credit အမေ့သားလေး
 

0

သူများတွေထက် မိမိကွန်ပြူတာအင်တာနက်လိုင်းဆွဲအားကိုမြှင့်ပြီးအင်တာနက်မြန်အောင်သုံးစွဲနည်း

Tuesday, August 5, 2014
အများသုံးကော်ဖီဆိုင်တွေမှာပဲဖြစ်ဖြစ် အင်တာနက်ဆိုင်တွေမှာပဲဖြစ်ဖြစ်ပေါ့နော် အင်တာနက်ကို သူများတွေထက်လိုင်းပိုဆွဲအားကောင်းလုပ်နည်းလေးပါ ဒီနည်းလမ်းကိုသိသူတွေအတော်နည်းပါသေးတယ် ကျွန်တော်လည်းတစ်ခါတွေ့ တုန်းကအမှတ်တမဲ့ပါပဲ ခုပြန်မွှေရင်းတွေ့ မိလို့ စမ်းကြည့်တာ လိုင်းဆွဲအားသိသိသာသာတက်ပြီး အင်တာနက်သုံးရတာလည်းအတော်လေးအဆင်ပြေသွားပါတယ်
ဒီနည်းလမ်းကို ကွန်ပြူတာတွေမှာပဲအသုံးပြုနိုင်ပါ ဘာလို့လဲဆိုတော့ သူ့ ရဲ့လုပ်ဆောင်ချက်တွေက ဖုန်းတွေအတွက်မရှိသေးလို့ ပါ

လေလည်းကန်ပီးပီဆိုတော့ စလိုက်ကြမယ်ဗျာ..........

အရင်ဆုံး ကွန်ပြူတာရဲ့ Start - Search အထဲမှာ Device Manager လို့ စာရိုက်ပြီးရှာလိုက်ရင် အောက်ကပုံမှာလို menu တစ်ခုတက်လာပါမယ်
(သေချာမမြင်ရရင် ကလစ်တစ်ချက်ထောက်ပြီးကြည့်နိုင်ပါတယ်)
ပြီးရင် ရွေးရမှာက Network Adapters ကို double click နှိပ်ပြီး Broadcom Netlink စတဲ့ မှင်ပြာရောင်လေးနဲ့ ရွေးပြထားတာကို ရွေးပေးပါ

ပြီးတော့ Broadcom Netlink........ စတဲ့ စာကြောင်းကိုပဲ Double click နှိပ်ရင် menu တစ်ခုထပ်တိုးပါမယ်
အောက်ကပုံကိုကြည့်ပါ  ရွေးရမှာက Advanced - Speed&Duplex ကိုရွေးပြီး သူ့ ဘေးနားလေးက Value ထဲမှာ မိမိစိတ်ကြိုက် မြန်နှုန်းကိုရွေးချယ်ပြီး Ok နှိပ်ပါ


ဒီလောက်ဆိုရင် အင်တာနက်ကို မြန်နှုန်းမြှင့်ပုံစံနဲ့ သုံးနိုင်ပါပြီ

အဆင်ပြေကြပါစေ


0

18+ Video တွေကို အကောင့်မသုံးပဲ ကျော်ခွလို့ ကြည့်နည်း

 

၁၈+ နှစ်ပြည့်ပြီးမှပေးကြည့်တဲ့ ဇာတ်ကားတွေကို ကျော်ခွပြီးကြည့်ရအောင်ဗျာ
အတုမြင်အတတ်သင်ရယ်လို့ တော့ဟုတ်ပါဖူး ဝါသနာအရပါ ဟီး
  
၁. အရင်ဆုံး youtube ထဲမှာ မိမိကြည့်မယ့်ဇာတ်ကားကိုဖွင့်လိုက်ပါ

၂. https://www.youtube.com/watch?v=u0CIy9ZZEQE
"
u0CIy9ZZEQE"   <- ဒါက မူရင်း ဇာတ်ကားလင့်ခ်  ဆိုပါစို့  ဥပမာ

၃. https://www.youtube.com/v/VIDEO CODE HERE?fs=1&amp  အစိမ်းရောင်နဲ့ ပြထားတဲ့နေရာမှာ ဗွီဒီယို လင့်ခ်ကိုပြောင်းထည့်ပေးရမှာပါ

၎. ပြောင်းပြီးသွားရင် လိပ်စာက ဒီလို   https://www.youtube.com/v/u0CIy9ZZEQE?fs=1&amp?   ဖြစ်သွားမှာပါ  
ကဲ ...ဒါဆို ကျော်ခွပီးကြည့်နိုင်ပြီပေါ့ဗျာ


hope you liked  this post 

0

မိမိ facebook profile ကိုလူဘယ်နှစ်ယောက်ဝင်ကြည့်သလဲဆိုတာကြည့်ရအောင်

facebook မှာ မိမိ profile ပုံကို ဘယ်နှစ်ယောက်ဝင်ကြည့်သွားလဲဆိုတာ ကြည့်နိုင်မယ့်နည်းလေးကိုမျှဝေလိုက်ပါတယ်
ကွန်ပြူတာနဲ့ မှာအဆင်ပြေမှာဖြစ်လို့ ကွန်ပြူတာလေးကိုတော့ဆောင်ထားဖို့ လိုတယ်ဗျို့

အရင်ဆုံး မိမိအကောင့်ကို sign in ဝင်လိုက်ပါ

1.go to your facebook profile and get the page source





၂.ကုဒ်နာမည်ရှာရမှာဖြစ်လို့  ရှာရလွယ်အောင် notepad သို့ ကော်ပီယူပြီး past လုပ်လိုက်ပါ

၃.မှင်နီ မှင်ပြာဖြင့်ပြထားတဲ့စာကြောင်းကိုရှာကြည့်ပါ 

၎.go to you browser and enter the profile id beside facebook link

http://www.facebook.com/profile id

http://www.facebook.com/1****1**11**1*1

ဒါဆိုရပါပြီ

အဆင်ပြေကြပါစေ

credit by 


0

Facebook နှင့် အခြား ဝက်ဘ်ဝန်ဆောင်မှုများကို အဝေးထိန်းစနစ်ဖြင့် Log Out ပြုလုပ်နည်း

Thursday, July 31, 2014
Facebook တို့ကို ကိုယ်ပိုင် ကွန်ပျူတာတွင် မဟုတ်ဘဲ အင်တာနက်ကဖေးလိုမျိုး နေရာများတွင် log in ပြုလုပ်ပြီး အသုံးပြုကြသူများ အနေဖြင့် account များကို log out ပြုလုပ်ရန် မေ့လျော့သွားသည့်အခါ အခြားသူများက account များကို ထိန်းချုပ်တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် Facebook နှင့် Twitter တို့ကို log out ပြုလုပ်ရန် မေ့လျော့သွားသည့်အခါ အဝေးထိန်းစနစ်ဖြင့် log out ပြုလုပ်နိုင်သည့် နည်းလမ်းကို ဖော်ပြလိုက်ပါသည်။

Facebook account တွင် log in လုပ်ပါ။ ပြီးလျှင် menu bar ညာဘက်ထိပ်နားက Down arrow ကိုနှိပ်ပြီး Settings ကို ရွေးပါ။
 

 “Security” settings ကိုသွားပြီး “Where you’re logged in” section ကို နှိပ်ပါ။

Log in ပြုလုပ်ခဲ့ဖူးသည့် ကွန်ပျူတာ၊ တည်နေရာနှင့် အချိန်တို့ကို တွေ့ရမည်။ “End Activity” link ကိုနှိပ်ပြီး log in အားလုံးကို log out ပြုလုပ်နိုင်သည်။ 

အခြား ဝက်ဘ်ဝန်ဆောင်မှုများ
 
Dropbox account ကို desktop browser တွင် log in လုပ်ပါ။ - နာမည်၏ အောက်ဘက်ရှိ “Settings” link ကိုနှိပ်ပါ။ - “Security” tab ကို နှိပ်ပါ။ - စာမျက်နှာ အောက်ဘက်သို့သွားပြီး “Sessions” တွင် log in လုပ်ထားသည့် session များကို ရှာပါ။ - အခြား browser တွင် log in လုပ်ထားသည့် Dropbox account ကို log out ပြုလုပ်လိုလျှင် entry ဘေးနားရှိ ကြက်ခြေခတ်ကို နှိပ်ပါ။ Twitter and LinkedIn Google, Facebook နှင့် မတူညီသည့်အချက်က LinkedIn နှင့် Twitter တွင် အခြား ကွန်ပျူတာများ၌ log in ပြုလုပ်ထားသည့် session များကို အလိုအလျောက် log out လုပ်နိုင်သည့် option မပါဝင်ပေ။ သို့သော်လည်း LinkedIn/Twitter password ကို မည်သည့် browser တွင်မဆို ပြောင်းလဲလိုက်သည့်အခါ active session အားလုံး ပိတ်သွားမည် ဖြစ်သည်။
 
Credit myanmarinternetjournal

0

Android ဖုန်းတွင် Google Account ဝင်မရသောပြသနာကိုဖြေရှင်းနည်း

Friday, July 18, 2014
Android ဖုန်းကိုင်သူတွေခဏခဏကြုံတွေ့ရမယ့်ပြသနာတခုကတော့
Google Account ဝင်မရတဲ့ပြသနာပေါ့ဗျာ Samsung ဖုန်းကိုင်တဲ့သူတွေ
အပေါ်ကပုံလို အတော်များများဖြစ်ဖူးကြမှာပါ
ကျတော့်ဖုန်းလည်း အဲ့သလိုဖြစ်ဖူးလို့  Play Store လဲဝင်လို့မရပါဘူး။
အခုတော့အဆင်ပြေသွားပြီ ဘယ်လိုဖြေရှင်းလိုက်သလဲဆိုတော့ -


အရင်ဆုံး Root Explorer Pro v3.1.6 ကိုအောက်ကလင့်မှာဒေါင်းထားပါ

https://www.dropbox.com/s/qoohd7cqv2qn1xj/Root%20Explorer%20v3.1.6.MyanmarIT%20Observers.apk
ဒေါင်းပြီးရင်Install လုပ်ပြီး Open နဲ့ဖွင့်လိုက်ပါ
အဲ့ဒီမှာ System Folder ကိုရှာပြီးနှိပ်ပါ ပြီးရင် etc ကိုထပ်နှိပ်ပါ။
အပေါ်နားက Mount R/W ကိုနှိပ်ပါ ဒါဆိုရင် Mount R/O ဆိုပြီးပြောင်းသွားမယ်
ပြီးတော့ Host ကို နှိပ်လိုက်ပြီး Delete နဲ့ဖျက်လိုက်ပါ နောက်ဆုံးအဆင့်အနေနဲ့ ဖုန်းကို Restart ချပြီးရင် Gmail Account ကိုဝင်ကြည့်ပါ
အဆင်ပြေပြေနဲ့ဝင်သွားပါလိမ့်မယ်။
အဆင်မပြေတာတွေရှိရင်အောက်မှာ့မန့် သွားပါခင်ဗျာ။
0

Computer Lock Password ပြန်ဖြည်နည်း

Wednesday, July 16, 2014
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်-

★နည်းလမ်း(၁)★
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key
ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

★ နည်းလမ်း(၂)★
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
★ နည်းလမ်း(၃)★
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ

Credit;
ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)

0

Phone Bill မကုန်အောင် Internet free ရအောင်သုံးမယ်

Monday, July 14, 2014

ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D

1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)
2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်
(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)
3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။
(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace (GT-S5830i) andriod version 2.3.6 Root လုပ်ထားပါတယ်။ အဲဒီ Device စမ်းသပ်ထားတာဖြစ်လို့
Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်) Kali Linux-Gnome (32bit) ပါ ဖုန်းကနေ USB Tethering လုပ်လိုက်တာနဲ့ auto ချိတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး တကယ်လို အဲလိုမရဘူးဆိုရင် Backtrack Myanmar Group ကိုသွားပြီးမေးကြည့်ပါ။


Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names
ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်


  • ---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ
  • ---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ
  • ---Proxy နေရာမှာ 110.100.3.2 လို့ရေးပါ
  • ---Port နေရာမှာ 9209 လို့ရးပါ
  • ---User name နေရာမှာ ppp လို့ထည့်ပါ
  • ---Password နေရာမှာ ppp123 လို့ရေးပါ
  • ---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ
  • ---MCC တော့ 414 ပါပဲ
  • ---MNC တော့ 01 ပါ
  • ---Authentication type မှာ CHAP ကိုရွေးပါ
  • ---APN type မှာ Internet ကိုရွေးပါ

ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ။

ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါ
ဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်။
ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ်။ အင်တာနက်တက်ပြီးဆိုတာနဲ့ *124# ကို ဖုန်းက Check လုပ်လိုက်ပါ။
တတ်နိုင်ရင် ဖုန်းထဲက background data တို့ sync တို့ကို ပိတ်ထားလိုက်ပါ ပြီးရင်သုံးလို့ ရပါပြီ။

*အရေးကြီးဆုံးတစ်ခုက ကွန်ပျုတာမပိတ်မှီ သို့မဟုတ် tethering ကိုမဖြုတ်မှီ ဖုန်းကအင်တာနက်ကို အရင် ပိတ်ရပါမည်။ ဒီလိုမှမဟုတ်ရင်ပိုက်ပိုက်ဖြတ်ပါတယ်_*

MPT က မပိတ်သရွေ့တော့ရနေပါလိမ့်မယ်။ ပိတ်သွားရင် အနော်လည်းလဲမတတ်နိုင်ပု ဟိဟိ..


ဖြည့်စွက်ချက် ။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrakနဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ။





 Kali Linux ကို ဒေါင်းချင်ရင် ဒီမှာ
http://www.kali.org/downloads/

Kali OS, BT တွေအကြောင်းအသေးစိတ်သိချင် ဒီကိုသွားပါ
https://www.facebook.com/groups/backtrackmyanmar/

အားလုံးပဲ အဆင်ပြေပါစေဗျာ.
credit to ဇော်မင်းသန်း

0

အင်တာနက်လိုင်းမကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်းကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

  http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

credit to ဇော်မင်းသန်း
0

ဖုန်းအမေးအဖြေများ

Monday, June 30, 2014
" ဖုန်း အမေး အဖြေများ "

iPhone မှာ Lock code လည်းဖြည်ထားတယ် ဖုန်းလည်းပြောလို့ရတယ်။ ဒါပေမယ့် အခြား Application တွေထည့်လို့မရတာ ဘာကြောင့်ပါလဲ။

iPhone မှာ Lock code ကိုဖြည်ထားရုံနဲ့ Application တွေထည့်လို့မရနိုင်ပါဘူး။ တစ်ခါတစ်လေမှာ Lock code ဖြည်ထားတာက ဖုန်းပြောလို့ရယုံအတွက် Sim Card Lock ကိုပဲဖြည်ထားတာပါ။ အဲဒါကြောင့် ဖုန်းပဲပြောလို့ရတာပါ။ အခြား iPhone Application တွေကို ထည့်ချင်တယ်ဆိုရင်တော့ ဖုန်းကို modified လုပ်သလိုမျိုး jailbreak ပြန်လုပ်မှရပါမယ်။ ဒါမှ Application တွေကိုထပ်ထည့်နိုင်မှာပါ။

CDMA 450 တွေမှာ ဘာကြောင့်ဘက်ထရီက ကြာကြာမခံတာပါလဲ။

CDMA 450 တွေမှာ ဘက်ထရီကြာကြာမခံတာကတော့ သူဖုန်းမှာပါတဲ့ နဂိုဘက်ထရီကိုက အဲလိုဖြစ်နေတာပါ။ ဘက်ထရီသိပ်မကောင်းပါဘူး။ အဲ့ဒါအပြင် CDMA 450 က လိုင်းဆွဲအားပြင်းပါတယ်။ အဲဒီအတွက်ကြောင့် သူက GSM ထက် ဘက်ထရီပိုစားပါတယ်။ အဲဒါကြောင့် ကြာကြာမခံတာပါ။

Sony Ericsson ဖုန်းတွေမှာပါတဲ့ Face Detection စနစ်ဆိုတာဘာပါလဲ။

Sony Ericsson ဖုန်းတွေရဲ့ ကင်မရာတွေမှာပါတဲ့ Face Detection ဆိုတဲ့စနစ်ကတော့ ဓါတ်ပုံရိုက်တဲ့နေရာမှာ ဓါတ်ပုံရိုက်ခံသူတွေ တစ်ဦးချင်းစီရဲ့မျက်နှာတွေကို ကြည်လင်ပြတ်သားရှင်းလင်းအောင် ပြု လုပ်ပေးတဲ့စနစ်တစ်ခုပါ။ အဲဒီ function နဲ့မျက်နှာတွေကို ဖမ်းယူနိုင်ပါတယ်။

ဖုန်းခေါ်လိုက်ရင် လိုင်းမ၀င်ပဲ voice mail message ထားခဲ့ဖို့ပဲပြောနေတာ ဘာကြောင့်ပါလဲ။

ဖုန်းခေါ်လိုက်ရင် လိုင်းမ၀င်ပဲ voice mail message ထားခဲ့ဖို့ပြောနေတာကတော့ ဖုန်းက ဆက်သွယ်မှုပြင်ပဖြစ်နေရင်ဖြစ်တတ်
ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဖုန်းမှာပါတဲ့ voice mail service ကြောင့်လည်း ဖြစ်တတ်ပါတယ်။

Encryption Key ဆိုတာဘာပါလဲ။

ဖုန်းတွေမှာပါတဲ့ Encryption Key ဆိုတာကတော့ ဖုန်းမှာပါတဲ့ ဖုန်း memory နဲ့ card memory ကိုပိတ်တဲ့ function တစ်ခုပါ။ အဲဒီ function ကိုအသုံးပြုပြီးတော့ memory ကို password ပေးပြီး ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုပိတ်တဲ့နေရာမှာတော့ code တွေကအရေးကြီးပါတယ်။ Code မေ့သွားမယ်ဆိုရင် ဘာမှပြန်လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ function ကရိုးရိုး password ပေးပြီးပိတ်တာထက် ပိုပြီး security ကောင်းလို့ပါ။

ဖုန်းထဲမှာပါတဲ့ Tunning Control ဆိုတဲ့စနစ်ကဘာပါလဲ။

ဖုန်းထဲမှာပါတဲ့ Tunning Control ဆိုတဲ့စနစ်ကတော့ ဖုန်းကိုလှုပ်လိုက်တာနဲ့ ဖုန်းလာနေရင်ဖြစ်စေ၊ ဖုန်းကို Alarm ပေးထားရင်ဖြစ်စေ ပိတ်သွားနိုင်မယ့် function တစ်ခုပါ။ သူ့ကိုသုံးချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Tunning Control ထဲမှာ silent call ကိုသွားပါ။ အဲဒီထဲကမှ ON/OFF နဲ့ Snoozing call ဆိုတာရှိပါတယ်။ ON လုပ်လိုက်ရင် ဖုန်းအ၀င်ရော Alarm တွေကိုပါ ပိတ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းကိုထိရုံလှုပ်ရုံလေးနဲ့တော့ မရပါဘူး။ သူက screen မှာရှိတဲ့ Accelerometer Sensor ကိုအခြေခံထားတဲ့အတွက် ဖုန်းရဲ့ screen ကို လည်သွားအောင်လုပ်လိုက်မှရပါမယ်။

ဖုန်းထဲမှာ Antivirus တွေကိုအမြဲ Run ထားရင်ဘာဖြစ်တတ်ပါသလဲ။

ဖုန်းထဲမှာ Antivirus တွေကို Run ထားရင်ဝင်လာတဲ့ Virus တွေကို သူကစစ်ပေးသတ်ပေးနေမှာပါ။ ဒါပေမယ့် အဲလို Run ထားတဲ့အတွက် စက်ရဲ့ proces 
တွေကိုတော့ လေးလံသွားစေပါတယ်။ အမြဲတမ်း Run မထားသင့်ပါဘူး။ တစ်ရက်တစ်ခါမဟုတ်ရင် တစ်ပတ်တစ်ခါလောက်မှပဲ Run သင့်ပါတယ်။

5800 ဖုန်းတွေမှာ Wallpaper လုပ်ရင် ဘာကြောင့်အပြည့်မပေါ်ပဲ ပုံကတစ်ဝက် တပျက် ဖြစ်နေရတာပါလဲ။

5800 ဖုန်းတွေမှာ Wallpaper တွေလုပ်တဲ့အခါမှာ Screen အပြည့်မပေါ်ပဲ တစ်ဝက်တပျက်ဖြစ်နေရတာကတော့ ဖုန်းရဲ့ Display Pixel နဲ့ ကိုယ်တင်လိုက်တဲ့ပုံရဲ့ဆိုက်က မညီလို့ဖြစ်ရတာပါ။

credit by soemoe
0

ဖုန်းနံပါတ်မတောင်းအောင် Facebook Account ဖွင့်နည်း ( ဗွီဒီယို )

Friday, May 23, 2014

Facebook အကောင့်ကို ဖုန်းနံပါတ်မတောင်းအောင် ဖွင့်နည်းလေးပါ
မြန်မာနိုင်ငံက ဖုန်းအဆင်မပြေသူတွေအတွက်လည်း အသုံးတည့်မယ်လို့ ထင်ပါတယ်
ကျွန်တော် video screen record နဲ့ လုပ်ပြထားပါတယ်

ဒီ link =>> Youtube မှာဝင်ကြည့်ပေးပါ

( သဘောမပေါက်နားမလည်ဖူးဆိုရင် ကျွန်တော်ညံ့တယ်ပဲဖြစ်ပါလိမ့်မယ် )

အဆင်ပြေကြပါစေဗျာ-
0

BackTrack ဆိုတာ ဘာလဲ ???

Friday, May 16, 2014





အိုင်တီ လောကသားတို့ တော်တော်များများ သိကြပါတယ်။ သို့သော် သာမန် အင်တာနက် အသုံးပြုနေတဲ့ သူများ ဗဟုသုတ အနေနဲ့ သိထားရအောင်ပါ။

BackTrack Os ဆိုတာလည်း Linux distro ထဲကမျိုးကွဲတစ်ခုပြီး ကွန်ပျူတာစနစ် (Operating System) တခုဖြစ်ပါတယ်။ အခမဲ့ လွတ်လက်စွာ သုံးစွဲပြုပြင်နိုင်တဲ့ ကွန်ပျူတာစနစ် တခုလည်းဖြစ်ပါတယ်။

သူ့ကို Security Penetration Testing OS လို့လည်း ခေါ်ပါတယ်။ လုံခြုံရေး လေ့ လာ စောင့်ကြည့်ပေးတဲ့ ကွန်ပြူတာ Operating System လို့ ဆိုလိုပါတယ်။ အဓိကကတော့ အင်တာနက် ကွန်ရက်က အားနည်းချက် များကို ရှာဖွေဖို့ အဓိက သုံးတဲ့ OS ပါ။ Networking သမားတို့ ပိုသုံးကြပါတယ်။ ဆိုင်ဘာ လုံခြုံရေးလိုင်း လေ့လာလိုက်စားနေသူများ အတွက် မရှိမဖြစ် OS လည်း ဖြစ်ပါတယ်။ သူက Unix-like OS ကို အခြေခံပြီး ရေးထားတဲ့ Open Source OS ပါ။ ၂၀၁၂ခုနှစ် သြဂုတ် ၁၃ က နောက်ဆုံးဗားရှင်း ထွက်ရှိထားပါတယ်။ သူ့ကို BackTrack 5 R3 လို့ အမည်ပေးပါတယ်။

OS တစ်ခုလုံးမှာ Network အားနည်းချက်၊ ချို့ ယွင်းချက် ရှာဖွေပေးမယ် Tool တွေ၊ ကွန်ပြူတာ လုံခြုံရေးစနစ်တစ်ခုလုံးကို Penetration test လုပ်ပေးမယ့် ဆော့ဖ်ဝဲ (Tool) တွေ စုံစုံလင်လင်ပါရှိပါတယ်။

အသေးစိတ်ကို BackTrack ကို အောက်ပါ Official Website မှာ 32bit (သို့) 64bit ကိုအခမဲ့ Download ဆွဲယူနိင်ပြီး Tutorial နှင့် Training များကို အောက်ပါလင့်တွင်ဝင်ရောက် လေ့လာနိုင်ပါတယ်။

http://www.backtrack-linux.org/

credit by https://www.facebook.com/arakanitobservers
0

Keyboard Shortcut များကို အသုံးချနည်း

Keyboard Shortcut များ
Ctrl + Tab or Ctrl + PageDown: Cycle through tabs.
Ctrl + Shift + Tab or Ctrl + PageUp: Cycle through tabs in reverse.
Ctrl + (1-9): Switch to tab corresponding to number.
Ctrl + N: New window.
Ctrl + T: New tab.
Ctrl + L or Alt + D or F6: Switch focus to location bar.
Ctrl + Enter: Open location in new tab.
Shift + Enter: Open location in new window.
Ctrl + K or Ctrl + E: Switch focus to search bar.
Ctrl + O: Open a local file.
Ctrl + W: Close tab, or window if there's only one tab open.
Ctrl + Shift + W: Close window.
Ctrl + S: Save page as a local file.
Ctrl + P: Print page.
Ctrl + F or F3: Open find toolbar.
Ctrl + G or F3: Find next...
Ctrl + Shift + G or Shift + F3: Find previous...
Ctrl + B or Ctrl + I: Open Bookmarks sidebar.
Ctrl + H: Open History sidebar.
Escape: Stop loading page.
Ctrl + R or F5: Reload current page.
Ctrl + Shift + R or Ctrl + F5: Reload current page; bypass cache.
Ctrl + U: View page source.
Ctrl + D: Bookmark current page.
Ctrl + NumpadPlus or Ctrl + Equals (+/=): Increase text size.
Ctrl + NumpadMinus or Ctrl + Minus: Decrease text size.
Ctrl + Numpad[0] or Ctrl + 0: Set text size to default.
Alt + Left or Backspace: Back.
Alt + Right or Shift + Backspace: Forward.
Alt + Home: Open home page.
Ctrl + M: Open new message in integrated mail client.
Ctrl + J: Open Downloads dialog.
F6: Switch to next frame. You must have selected something on the page already, e.g. by use of Tab.
Shift + F6: Switch to previous frame.
Apostrophe ('): Find link as you type.
Slash (/): Find text as you type.

credit from zayyarmyay
1

Computer အကြည့်များတဲ့သူတွေအတွက် မျက်စိမထိခိုက်အောင် ကာကွယ်နည်း

 Computer အကြည့်များတဲ့သူတွေ
မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်းဆိုတာထက် မျက်စိမထိခိုက်အောင်ကာကွယ်နည်းဆိုတာကပိုမှန်ပါလိမ့်မယ်
မဖြစ်ခင်ကကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးလုပ်ရပါတစ်ခုပါ
=================================
ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး
သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို
မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး
မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။
မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။
မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။

၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင်
တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။

၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး
မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။

၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။

၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။

၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။
ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။
ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။

၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။

၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။
နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။
နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။

၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။
တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။
စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက်
လုပ်ပေးပါ။

၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့်
ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။
လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။
ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး
မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။

၁၂။ ပါဝါမပါတဲ့မျက်မှန်အကြည့်လည်းသုံးနိုင်ပါတယ်

credit to .>>>( Sarmicmantra)

0

Phone နံပါတ်မတောင်းအောင် Facebook အကောင့်ဖွင့်နည်း

Sunday, April 20, 2014
facebook အကောင့်ဖွင့်ချင်သူတွေအတွက် ဖုန်းနံပါတ်မလိုပဲ ဖွင့်နည်းလေးများသိချင်ကြမလားလို့ တင်ပေးလိုက်ပါတယ် မြန်မာနိုင်ငံထဲမှာဆိုရင် ဒီနည်းလမ်းက facebook ဖွင့်ဖို့ အရေးပါတယ်လို့ ပြောရင်မှန်တယ်ထင်တယ်နော် ဟီးး
 သိပြီးသောသူများကျော်ဖတ်ပေးကြပါနော်...


ပထမဆုံး ဒီလင့် http://www.mail.com/int/  မှာ ကိုယ်ကြိုက်တဲ့နာမည်နဲ့ အကောင့်တစ်ခုကို မှန်အောင်ဖြည့်ပြီး sing up သွားလုပ်လိုက်ပါ

အကောင့်ရပြီဆိုရင် http://www.facebook.com/  မှာ facebook မှာ အကောင့် sing up လာလုပ်ပါ -နာမည်ဖြည့် - ပတ်ဝါးဖြည့် - mail နေရာမှာစောနားက အကောင့်လုပ်ထားတဲ့ mail ကို ၂ခါထည့်ပါ- ပြီးရင်မွေးနေ့ ထည့် - sing up ကိုနှိပ် --- step 1 ကနေ step 4 ထိ အဆင်ပြေသလိုထည့်ပါ (skip မကျော်တာအကောင်းဆုံးပါ)

ဒါဆိုရင် အကောင့်တစ်ခုရတော့ရပါပြီ ဒါပေမယ့် စောနားက အကောင့်လုပ်ထားတဲ့ http://www.mail.com/int/  ကိုယ့်ရဲ့အကောင့်ထဲမှာ facebook ကပို့ထားတဲ့ mail တစ်စောင်ရောက်နေပါမယ် အဲ mail ကိုဖွင့်ပါ  ပြီးရင် confirm facebook လုပ်လိုက်ပါ

................ဒါဆို facebook အကောင့်တစ်ခုကို လွယ်လွယ်နဲ့ ပိုင်ဆိုင်သွားပါပြီ................
(အဆင်မပြေသူများရှိရင်ပြောပါ)

ကြိုးစားလျက် -
Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည်


My Blogger TricksAll Blogger TricksTechtunes