0

သူများတွေထက် မိမိကွန်ပြူတာအင်တာနက်လိုင်းဆွဲအားကိုမြှင့်ပြီးအင်တာနက်မြန်အောင်သုံးစွဲနည်း

Tuesday, August 5, 2014
Share this Article on :
အများသုံးကော်ဖီဆိုင်တွေမှာပဲဖြစ်ဖြစ် အင်တာနက်ဆိုင်တွေမှာပဲဖြစ်ဖြစ်ပေါ့နော် အင်တာနက်ကို သူများတွေထက်လိုင်းပိုဆွဲအားကောင်းလုပ်နည်းလေးပါ ဒီနည်းလမ်းကိုသိသူတွေအတော်နည်းပါသေးတယ် ကျွန်တော်လည်းတစ်ခါတွေ့ တုန်းကအမှတ်တမဲ့ပါပဲ ခုပြန်မွှေရင်းတွေ့ မိလို့ စမ်းကြည့်တာ လိုင်းဆွဲအားသိသိသာသာတက်ပြီး အင်တာနက်သုံးရတာလည်းအတော်လေးအဆင်ပြေသွားပါတယ်
ဒီနည်းလမ်းကို ကွန်ပြူတာတွေမှာပဲအသုံးပြုနိုင်ပါ ဘာလို့လဲဆိုတော့ သူ့ ရဲ့လုပ်ဆောင်ချက်တွေက ဖုန်းတွေအတွက်မရှိသေးလို့ ပါ

လေလည်းကန်ပီးပီဆိုတော့ စလိုက်ကြမယ်ဗျာ..........

အရင်ဆုံး ကွန်ပြူတာရဲ့ Start - Search အထဲမှာ Device Manager လို့ စာရိုက်ပြီးရှာလိုက်ရင် အောက်ကပုံမှာလို menu တစ်ခုတက်လာပါမယ်
(သေချာမမြင်ရရင် ကလစ်တစ်ချက်ထောက်ပြီးကြည့်နိုင်ပါတယ်)
ပြီးရင် ရွေးရမှာက Network Adapters ကို double click နှိပ်ပြီး Broadcom Netlink စတဲ့ မှင်ပြာရောင်လေးနဲ့ ရွေးပြထားတာကို ရွေးပေးပါ

ပြီးတော့ Broadcom Netlink........ စတဲ့ စာကြောင်းကိုပဲ Double click နှိပ်ရင် menu တစ်ခုထပ်တိုးပါမယ်
အောက်ကပုံကိုကြည့်ပါ  ရွေးရမှာက Advanced - Speed&Duplex ကိုရွေးပြီး သူ့ ဘေးနားလေးက Value ထဲမှာ မိမိစိတ်ကြိုက် မြန်နှုန်းကိုရွေးချယ်ပြီး Ok နှိပ်ပါ


ဒီလောက်ဆိုရင် အင်တာနက်ကို မြန်နှုန်းမြှင့်ပုံစံနဲ့ သုံးနိုင်ပါပြီ

အဆင်ပြေကြပါစေ




Artikel Terkait:

0 comments:

Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည်


My Blogger TricksAll Blogger TricksTechtunes