0

Dell Inspiron 3442

Thursday, August 14, 2014
Share this Article on :

စွမ်းဆောင်ရည် -

Notebook တစ်လုံးအတွက် လိုအပ်မည့် processor Intel Corei5-4210U-2.7GHz စွမ်းဆောင်ရည်နှင့် Memory 4GD3L/1600 ပါရှိမည်ဖြစ်သည်။ Storage ပိုင်းအနေဖြင့် 500G (5400rpm) သည်လည်း Notebook တစ်လုံးအတွက် လုံလောက်သောပမာဏ တစ်ခုဖြစ်သည်။ Graphic အနေဖြင့် Nvidia GT820M(2G)DDR3 ၏ စွမ်းဆောင်ရည်များသည် ဂိမ်းပေါင်းများစွာကို ကောင်းကောင်းကစားချင်သူများ၊ လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်ပိုင်း အမြင့်ဆုံး အသုံးပြုချင်သူများအတွက် အဆင်ပြေစေမည့် Notebook တစ်လုံးဖြစ်သည်။

အားသာချက် -

Cedar series ဖြစ်သည့်အတွက် ပုံမှန် Notebook များထက် ပိုမိုပါးလွှာသည့် ပုံစံရှိမည်ဖြစ်သည်။ မျက်နှာပြင် ၁၄ လက်မ ရှိသောကြောင့် သယ်ဆောင်ရလွယ်ကူပြီး စတိုင်ကျလှပစေမည့် Notebook ဖြစ်သည်။ USB 3.0 ၏ စွမ်းဆောင်ရည်ကြောင့် အချက်အလက်များ လွှဲပြောင်းသည့်အခါတွင် ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

အားနည်းချက် -

စာရင်းပိုင်း အသုံးပြုချင်သူများ အနေဖြင့် Number Lock Key သက်သက် မပါဝင်ခြင်းကြောင့် စာရင်းပိုင်း လုပ်ဆောင်သည့်အခါတွင် နည်းနည်းအချိန်ကြာစေမည်ဖြစ်သည်။

ဒီဇိုင်း -
Notebook တစ်လုံးတွင် လိုအပ်မည့် USB 3.0 ports အပြင် အခြားလိုအပ်မည့် port များကိုလည်း အစုံ ထည့်ပေးထားမည်ဖြစ်သည်။ မျက်နှာပြင် ၁၄ လက်မဖြစ်ပြီး resolution အနေဖြင့် (1366x768) ရှိမည်ဖြစ်သည်။ ပါးလွှာပြီး ပေါ့ပါးသည့် ဒီဇိုင်းရှိပြီး လှပသည့် ဒီဇိုင်းကြောင့် အသုံးပြုသူများ စိတ်ကြိုက်ဖြစ်စေမည်ဖြစ်သည်။ အရောင်အနေဖြင့် နှစ်မျိုးရှိသည်။

ဘက်ထရီ -
ဘက်ထရီပမာဏ 4 cell ရှိပြီး သုံးနာရီခွဲနှင့်အထက် အသုံးပြုနိုင်မည်ဖြစ်သည်။

တန်ဖိုး -
ကန်ဒေါ်လာ ၅၉၉

ဝယ်ယူရရှိနိုင်မည့်နေရာ
Golden Power Technology
ဖုန်း- ၂၃၀ ၄၈၄၈၊ ၂၃၀၄၈၄၉
အာမခံ
တစ်နှစ်

credit Internet Journal


Artikel Terkait:

0 comments:

Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည်


My Blogger TricksAll Blogger TricksTechtunes