0

WiFi WPA/WPA2-PSK Password ဟက်နည်း

Tuesday, August 12, 2014
Share this Article on :
wifi wpa wpa2 ဟက်နည်းလေးကိုမပြောခင်လေနည်းနည်းရှည်ဦးမယ်နော် ဟီး
ဟိုတုန်းက wifi ဟက်မယ်ဆိုရင် တော်ရုံလည်းမလွယ်သလို ခေါင်းလည်းအတော်သုံးပြီးဟက်ယူရပါတယ် 
ဟက်ဖို့ အတွက် scan စလုပ်တဲ့အချိန်တိတိကျကျရယ်လို့ မရှိပေမယ့် ကြာချိန် ၈နာရီ နဲ့ ၁၅ နာရီကြားထိကြာပါတယ် အဲဒါတောင်မှ ကွန်ပြူတာတော်တော်လေးဆွဲအားရှိမှပါ
အဲတုန်းကဆိုရင် Beini 1.2.3 ပဲထွက်သေးတော့ wpa ကိုဟက်ဖို့  Distionary Attack နဲ့ ပဲရသေးတော့ အတော်လေးခေါင်းစားကုန်ကြတယ်.... ကျွန်တော်တို့ လိုငပိန်းတွေအတွက်ဘာကြီးမှန်းမသိဘူးပေါ့ဗျာ
ခုအသစ်ထပ်ပေါ်နေတဲ့ Backtrack5 လည်းအတော်ကောင်းပါတယ် ဒါပေမယ့်လုပ်ရတာတအားလက်ဝင်တယ်အချိန်လည်းအတော်ပေးရပါတယ်

ခု ဒီကိစ္စတွေအတွက်ကို ခေါင်းရှုပ်မခံတော့ပဲနဲ့ အဆင်ပြေပြေလေးဟက်လို့ ရမယ့် ဆော့ဖ်ဝဲတစ်ခုရထားပါပြီ ထွက်လာတာလည်းသိပ်မကြာသေးပါ 
 
အခုကျွန်တော်ပေးချင်တဲ့နည်းလမ်းက Xiaopan ဆိုတဲ့ ဆော့ဖ်ဝဲလေးပါ. သူက  Beini နဲ့ တူတူပဲ.သူ့ ကို ဒေါင်းပီးတော့ CD တစ်ချပ်လုပ်.... ပီးရင် CD ကနေ Boot တက်ပေးဖို့ ပဲ..... ဒေါင်းဖို့ က အောက်က လင့်မှာနော်.... 68MB ရှိတယ်...
 ဒါပေမယ့် ကျွန်တော်က CD နဲ့ မလုပ်ပြတော့ဖူး USB Drive နဲ့ ပဲပြပါမယ်. USB Pendrive ကို bootable လုပ်ဖို့ ကျတော့ အောက်မှာ ဒေါင်းလိုက်.. 5MB ရှိတယ်

 Xiaopan <= 68MB

unetbootin <= 5MB

 ၂ခုစလုံး ဒေါင်းပြီးပြီဆိုရင် ပထမဦးဆုံး bootable pandrive လုပ်ဖို့ အတွက် unetbootin ကိုဖွင့်လိုက်ပါ




အောက်ကပုံစံအတိုင်း ၁- Diskmiage ကို click နှိပ်ပါ.... ၂- မျှားပြထားတဲ့နေရာကိုနှိပ်ပီး ခုနက ဒေါင်းထားတဲ့ Xiaopan ကို ရှာပီးရွေးပေးပါ.... ၃- pendrive ရဲ့ တည်နေရာပါ.... ပီးရင်တော့ ၄ အတိုင်း Ok နှိပ်ပါ



 
 အောက်ကပုံကတော့ bootable pendrive လုပ်နေတာပါ... ပီးရင်တော့ Reboot Now ကိုနှိပ်လိုက်ပါ


Boot ပြန်တက်လာရင် ကျွန်တော်တို့ က Boot Order ပြန်ပြောင်းပေးရပါမယ်. ကျွန်တော့်စက်က boot order ပြောင်းဖို့  F12 ကိုနှိပ်ရပါတယ်.... စက်အမျိုးအစားအလိုက် Boot order ပြောင်းရင် နှိပ်ရတဲ့ခလုတ် မတူညီပါဘူး... Desktop ကျပြန်တော့ F11. ဒါလဲ ပုံသေပြောလို့ မရပါဘူး. ကျွန်တော့်စက်ကတော့ Acer ပါ.. ဒါကြောင့် Boot တက်တက်ချင်း F12 ကိုနှိပ်ပါတယ်..
Boot Order ထဲရောက်သွားရင် USB ရဲ့ တည်နေရာနံပါတ်ကိုကြည့်ပါ... နံပတ် 3 ဖြစ်တဲ့အတွက် နံပတ် 3 ဆီအောက်မြှားနှိပ်သွားပြီး Enter ကိုနှိပ်ပါ..
 Auto Boot လုပ်ပါမယ်
Boot လုပ်ချိန် ခဏလေးစောင့်ပေးပါ Xiaopan ထဲ ရောက်သွားပါမယ်
Xiaopan ထဲ ရောက်သွားရင် minidwep-gtk ကို နှိပ်ပါ. Ok ဆက်နှိပ်ပါ
တကယ်လို့ စက်မှာ wireless card တစ်ခုထက်ပိုတပ်ထားရင် wlan0 ဆိုတာကိုနှိပ်ပီး wireless ကိုရွေးချင်ရွေးနိုင်ပါတယ်.... တစ်ခုထက်ပိုရင် wlan0, wlan1, wlan2 စသဖြင့် မြင်ရပါမယ်.. ကြိုက်နှစ်သက်ရာ ကဒ်ကိုရွေးချယ်ပါ.
မြှားပြထားတာကိုနှိပ်ပီး WEP or WPA/WPA2 စဖြင့်လည်း ရွေးချယ်နိုင်ပါတယ်... အခုက WPA2 ကိုပဲ ဟက်မှာဖြစ်လို့  ရွေးချယ်စရာ မလိုပါ.

Scan ကိုစနှိပ်ပြီးတာနဲ့ စာတန်းလေးတွေတက်လာမှာပါ


ခုပေါ်ပုံထဲမှာလို မြင်ရတဲ့ လိုင်း၂လိုင်းမှာ အပေါ်ကလိုင်းက WPA2-PSK ဆိုပြီး နောက်မှာ Client Address နဲ့  wps ဆိုတာပါတယ်....
အောက်ကလိုင်းက WPA နောက်မှာ wps ပဲပါတယ်....
ဘာထူးခြားလဲဆိုတော့ အနောက်မှာ wps ပါတဲ့လိုင်းတွေက အလစ်သုတ်ရတာလွယ်တယ်....
အဲ့ထဲကမှ အပေါ်ဆုံးကလိုင်းလို Client Address လဲပါမယ်. အဲနောက်က wps ပါတဲ့လိုင်းဆို ပိုအသေချာဆုံးပါပဲ....
ဒါကြောင့် အပေါ်ဆုံးကလိုင်းကို click နှိပ်ပီး Reaver ကိုနှိပ်လိုက်ပါ.....
 
Ok ကိုနှိပ်ပါ


Ok နှိပ်ပီးတဲ့နောက် စတင် အလုပ်လုပ်နေပါပြီ.... Trying Pin ဆိုပြီး ဂဏန်းလေးတွေတက်နေပါမယ်.



ပုံမှာမြင်ရတဲ့အတိုင်း 0.04% ကို ၃၆ စက္ကန့် ကြာတယ်ဆိုတော့ ၁၀၀% ဖြစ်ဖို့ တော်တော် အချိန်ယူရမှာပါ....
ကျွန်တော်မှတ်မိသလောက်တော့  ၉၄% ကျော်ကျော်လောက်မှာ ပတ်စဝေါ့ ကျပါတယ်


ဟက်တာအောင်မြင်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းထွက်လာပါမယ်.... အားလုံးကို ရေးမှတ်ထားဖို့ လိုပါတယ်.... အလယ်က WPA PSK က သူ့ ပတ်စဝေါ့ပါ.... ဒါကတော့ Beini 1.3.5 ရဲ့ နမူနာပုံစံပါ... အဲ့လိုမြင်ရပါ့မယ်.... ၉၅% မှာ ပတ်စဝေါ့ထွက်ကြောင်းလဲ လေ့လာမှတ်သားမိပါတယ်...


အဓိကကတော့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်ဖို့ နဲ့  စိတ်ရှည်ရှည်နဲ့ ဇွဲမလျော့ပဲ မနားတမ်း ထိုးဖောက်ရမှာဖြစ်တဲ့အကြောင်း အသိပေးလိုပါတယ်
 
ကဲ..ဒီလောက်ဆိုရင်အဆင်ပြေကြလိမ့်မယ်ထင်ပါတယ်
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေ

ကိုးကား - ကျော်စိုးမိုး(နည်းပညာ)


Artikel Terkait:

0 comments:

Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည်


My Blogger TricksAll Blogger TricksTechtunes