0

Windows Phone Store တွင် app အရေအတွက် ၃၀၀,၀၀၀ ကျော်ရှိလာ

Monday, August 11, 2014
Share this Article on :

Windows Phone Store သည် app အရေအတွက် ၃၀၀,၀၀၀ ကျော်နှင့်အတူ သမိုင်းမှတ်တိုင်သစ် တစ်ရပ် စိုက်ထူနိုင်ခဲ့သည်။

Software ကုမ္ပဏီကြီးဖြစ်သော Microsoft သည် ၎င်း၏ Windows Phone Store ၌ နေ့စဉ် app အသစ် အရေအတွက် ရာပေါင်းများစွာ ထည့်သွင်းလျက်ရှိကြောင်း Microsoft by the Numbers စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့သည်။

App များသည် မိုဘိုင်း platform တစ်ခု အောင်မြင်ခြင်း၏ အဓိကအချက်တစ်ချက် ဖြစ်သည်။ Windows Phone Lumia ဟန်းဆက်များသည် ၎င်းတို့၏ တီထွင်ဆန်းသစ်မှုများနှင့် အလွယ်တကူ အသုံးပြုနိုင်သည့် feature များကြောင့် ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့သော်လည်း လိုအပ်သည့် app များ မထောက်ပံ့ပေးနိုင်သောကြောင့် သုံးစွဲသူများက အခြားသော platform ကို ပြောင်းလဲ အသုံးပြုနေကြသည်။ ထို့ကြောင့် Windows Phone Store တွင် app အရေအတွက် တိုးမြင့်လာခြင်းသည် Windows Phone သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေလာစေမည် ဖြစ်သည်။ Windows Phone သည် မိုဘိုင်းဈေးကွက်တွင် Android နှင့် iOS တို့၏နောက် တတိယနေရာ၌ ရပ်တည်လျက်ရှိပြီး ဈေးကွက်ရှယ်ယာမှာ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နာမည်ကျော် Apple ၏ ဇွန်လက ကြေညာချက်အရ ၎င်း၏ App Store တွင် app အရေအတွက် ၁.၂ သန်းရှိကြောင်း သိရသည်။

Windows Phone app အရေအတွက် မြင့်တက်လာခြင်းသည် အထင်ကြီးလောက်ဖွယ်ရာဖြစ်သည်။ ၎င်း store သည် ၂၀၁၂ ခုနှစ် ဇွန်လက app အရေအတွက် ၁၀၀,၀၀၀ သာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ၁၅၀,၀၀၀ မြင့်တက်လာခဲ့သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် app အရေအတွက် ၂၀၀,၀၀၀ အထိ ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင် app အရေအတွက် ၃၀၀,၀၀၀ ပြည့်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မှာ ကျွန်တော်တို့ Windows Phone app ၃၀၀,၀၀၀ ကျော်ကို ပိုင်ဆိုင်ထားပါပြီ။ Windows Phone Store က ဆက်လက် တိုးတက်နေပါတယ်” ဟု Microsoft ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုခဲ့သည်။ ဆက်လက်ပြီး “ပြီးခဲ့တဲ့နှစ်မှာပဲ Windows နဲ့ Windows Phone app စာရင်းက ၉၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ နောက်ပြီး developer အရေအတွက်ကလည်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: CNET
credit by Internet Journal


Artikel Terkait:

0 comments:

Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည်


My Blogger TricksAll Blogger TricksTechtunes